Saturday, September 8, 2012

တောခြောက်ခံရခြင်းလား (နှင့်) ပြာပူနင်းမိခြင်းလား

ကိုအောင်မှိုင်း
Ko Aung Hmine's Article

9 comments:

Win said...

အော်ဖြစ်မှဖြစ်ရလေ ခင်ဗျားတို့တွေတော်တော့်ကို ပူလောင်နေကြတာ သနားမိပါတယ်ဗျာ။

Mother said...

မောင်အောင်မှိုင်း(မှိုင်း)ဆိုတာကြီးကိုထည့်သုံးနေတာနဲ့..မောင်ရင်ရဲ့အဆင့်နဲ့မတန်ပါဘူး..မောင်အောင်မှိုင်းတို့မှာ ကြွက်ချေးတွေချည်းများပါတယ်..ဒီကြားထဲမှာစပါးလုံးနဲ့
သဲ၊ဖွဲကချည်းများနေတော့ပြည်ပကမောင်ရင်တို့လုပ်နေတာတွေဟာ..မောင်ရင်တို့ကိုယ်ကျိုးတွေအတွက်သာဘဲ
ဖြစ်တော့လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေမှာဘယ်လိုတိုးပေါက်မှာလဲ။မောင်ရင်တို့လိုပြည်ပကအတိုက်အခံနိုင်ငံရေးအဖွဲ့
အကြီးစားဝင်တွေကိုလက်ရှိအစိုးရကဖုတ်လေတဲ့ငပိ၊ရှိ
တယ်လို့တောင်မထင်တော့..သူတို့မကောင်းဘူး
အကြောင်းချည်းဘဲရေးနေ၊ပြောနေကြပေတော့။

Unknown said...

ဒေါ်စုက တပ်မတော်နဲ့ အဆင်ပြေစွာဆက်ဆံဖို့ တိုက်တွန်းတယ်ဆိုတာ.. ဗုဒ္ဓတရားတော်နဲ့ ညီပါတယ်။ ရန်ကို ရန်နဲ့တုံ့ပြန်လို့ ရန်မပြိုနိုင်ပါဘူး။ ဒေါ်စုဆိုလိုတာ ဟန်ဆောင်၊ ပန်ဆောင်သွားဖြီး ဆက်ဆံခိုင်းတာမဟုတ်ပါဘူး။ အမြင် အယူအဆကို ပြောင်းခိုင်းတာပါ။ စစ်တပ်ကို အသေအလဲ မုန်းနေသမျှ စစ်တပ်နဲ့ ဘယ်တော့မှ ပြေလည်မှုမရနိုင်ပါဘူး။ နောက်ဆုံး အမုန်းတရားနဲ့ တည်ဆောက်ကြရင် ကိုယ်က တနည်းနည်းနဲ့ အနိုင်ရဦးတော့ စစ်တပ်သည်ပင်လျှင် သူပုန်ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒေါ်စုလိုချင်တာ အဲဒီအဖြေမဟုတ်ပါဘူး။ ပြည်သူတစ်ယောက်အတွက် ခါးသီးဖွယ် အတိပြီးတဲ့ အတိတ်ဒဏ်ရာကြောင့် အမုန်းတရားတွေကို ဘေးဖယ်လို့ ရကောင်းမှ ရနိုင်ပေမယ့် နိုင်ငံရေးသမားတစ်ယောက်အတွက်တော့ အမုန်းတရားကို ဘေးဖယ်ဖို့ လိုအပ်နေချိန်မှာ ဖယ်ကိုဖယ်နိုင်ရပါမယ်။ အတ္တထက် တိုင်းပြည်အရေးကို ရှေ့တန်းတင်နိုင်ရပါမယ်။ ဒါဟာ နိုင်ငံရေးသမားကောင်း တစ်ယောက်ရဲ့ ထားသင့်တဲ့ ကျင့်ဝတ်လို့ မြင်ပါတယ်။ ဒေါ်စု ဆိုလိုတာက သဘောတရားရေးပါ။ တကယ်တော့ ဆောင်းပါးရှင် မြင်နေတာကသာ သဘောတရားမပါတဲ့ ကလေးအမြင်လို ဖြစ်နေတာပါ။ ဒေါ်စုဟာ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး အကောင်းဆုံးလုပ်သင့်တဲ့၊ ဖြစ်သင့်တဲ့ အလုပ်ကို ချိန်ဆ လမ်းညွှန်ပေးနေတာပါ။ နဂိုကတည်းက စစ်တပ်ဆန့်ကျင်ရေးမူကို အသေအလဲ ကိုင်ဆွဲထားရင် စစ်သား၂၅%ပါဝင်တဲ့ လွှတ်တော်ထဲကို ၀င်လာစရာ အကြောင်းကို မရှိပါဘူး။ လွှတ်တော်ထဲကို ရောက်နေပြီးမှတော့ စစ်တပ်ဆန့်ကျင်ရေးအမြင်နဲ့ ဆက်သွားနေလို့ အလုပ်မဖြစ်ဘူးဆိုတာ လိမ္မာတဲ့ နိုင်ငံရေးသမားမှန်ရင် နားလည်နိုင်ရမှာပါ။ ဥပဒေကို ပြင်မယ်ဆိုရင်တောင်မှ အရပ်ဝတ်အမတ် အားလုံးဖြစ်တဲ့ (၇၅%)ကထောက်ခံဦးတော့ အဲဒီအပြင် အနည်းဆုံး စစ်သား ၁ယောက်က ထောက်ခံမှ ဥပဒေကို ပြင်လို့ရမှာပါ။ ဆောင်းပါးရှင်ပြောသလို လွှတ်တော်ထဲက စစ်သားတွေဟာ အမိန့်ကိုပဲ လိုက်နာရသူတွေဆိုတာ မှန်ပေမယ့်.. ဒီလူတွေဟာ လူသားစစ်စစ်တွေဆိုတာ အသိအမှတ်ပြုရမှာပါ။ လွှတ်တော်ထဲမှာ အရေးကြီးတဲ့အချိန်အခါမှာ အမိန့်ဆိုတာကို ကျော်လွန်ပြီး သူတို့ရဲ့ဆန္ဒအစစ်အမှန်ကို အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ လျှို့ဝှက်စွာ ဖော်ထုတ်လို့ရနိုင်တယ်ဆိုတာ နားလည်ထားသင့်တယ်။
ဆောင်းပါးရှင်ရဲ့ စေတနာကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် မတူတဲ့အမြင်ကိုတော့ ပွင့်လင်းစွာ ဆွေးနွေးကြည့်တဲ့ သဘောပါ။
ကျနော်သာမန် အရပ်သား စစ်စစ်ပါ။ ကိုယ့်နိုင်ငံသား အချင်းချင်း အပြန်အလှန်သတ်ဖြတ်နေတဲ့ စစ် ဆိုတာကို ဘယ်လိုမှ မခံစားနိုင်အောင်ကို မုန်းတယ်။

Anonymous said...

သခင်ကိုယ်တော်မှိုင်းကို အားကျလို့
အောင်မှိုင်း ဟုတ်လား နံ့သာဆီနဲ့ အီးပဲ
ကိုယ့်နံမည်တောင် အမှန်အတိုင်းမဖေါ်ရဲ့တဲ့ကောင်
မင်းလို့ ကိုယ်တိုင်လည်း ဘာမှမလုပ်
တက်နိုင်သလောက် လုပ်နေသူတွေကိုလည်း
သောက်ပြစ်တင် ထိုင်ပြီးလေကန်နေတာ
ကိုယ့်အတွက်လည်း အကျိုးမရှိ
အခြားသူတွေအတွက်လည်း အကျိုးမဲ့

ipman said...

zulu zenith ရဲ့comment ကိုထောက်ခံပါတယ်၊ ဒီအချိန်မှာ
တပ်မတော်နဲ့အဆင်ပြေတာကောင်းပါတယ်။ပြီးခဲ့တဲ့ခောတ်
ကဟာတွေကိုဘေးဖယ်ပြီး အကောင်းဘက်ဦးတည်ချက်
တွေသွားဘို့ပူးပေါင်းဆောင်ရွက်ရမှာပါ။ခုံရုံးလဲထွက်သွားရ
ပါပြီ၊ဦးသန်းရွှေလုပ်ခဲ့တာမှားခဲ့ပေမဲ့ဒီအချိန်မှာဒါတွေထည့်
တွက်နေလို့အပိုပါဘဲ။အတိတ်ကိုထားသင့်ရင်ထားခဲ့ရပါမယ်
တကယ်ကဒီနေ့အခြေအနေကသူခင်းပေးခဲ့တာပါ။ကိုယ်မ
ကြိုက်တာတွေကိုတဖြေးဖြေးပြင်နိုင်အောင်လက်ရှိတပ်မ
တော်နဲ့ပူးပေါင်းဆောင်ရွက်ရမှာပါ။စိတ်မပါလဲရှောင်လွှဲလို့မ
ရပါဘူး။ဒါကိုဒေါ်စုကသိသွားလို့ဒီလိုလုပ်နေတာပါ။ဒီထက်ပို
ကောင်းအောင်ဘယ်လိုဆက်လုပ်ကြမလဲဘဲစဉ်းစားကြပါစို့။ကျွန်
တော်လဲအရင်ကမကြိုက်တာတွေရှိခဲ့၊ခံပြင်းခဲ့ပေမဲ့ဒီနေ့ပြုပြင်မှုကို
တော့အထိုက်လျှောက်လက်ခံရမှာပါ။ကိုယ့်သားသမီးတွေကိုယ့်လိုမခံ
ရဘို့ဘဲဆက်လုပ်ကြပါစို့။နောက်ပြန်မသွားဘဲ။ရှေ့ပိုမြန်အောင်အား
ပေးတိုက်တွန်းကြပါ။ခုလဲနဲနဲခြင်းပြောင်းပေးနေတာဘဲ။

aye said...

မှိုင်းရာပြည့်က

ကိုအောင်မှိုင်းထင်ပါတယ်
ဒိဆောင်းပါးကို အပြည့်အ၀ထောက်ခံပါတယ်။
ရေဆန်ကိုတက်ရချိန်မို့
မလိုက်ပါနိုင်သူများ
ကျန်ခဲ့ပါလိမ့်မယ်
အများမိုးခါးရေ သောက်တိုင်း
သောက်စရာမလိုပါ
( အလယ်ပိုင်းဒေသတုန်းက
လည်း အများမိုးခါးရေသောက်တိုင်း
မသောက်ခဲ့သူတဦး)

ko ko tin said...

အခုအခြေအနေက ယုံကြည်ရတဲ့အဆင့်မရောက်သေးပါဘူး အပေါ်ကအပြောင်း အလဲတွေပြောနေပေမယ့် အောက်ချေမှာ ပြောင်းလဲတာ သိပ်မတွေ့ရပါဘူး ဦးသန်းရွှေ သေမှ စိတ်ချရမယ် ထင်ပါတယ် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တွေမတွေ့ရပါဘူး မီဒီယာလွတ်လပ်ခွင့် အရေးကြီးပါတယ် မီဒီယာအပေါ် ဘယ်အကြောင်းပြချက်နဲ့မှ ကန့်သတ်တာ လက်မခံနိုင်ပါဘူး

Unknown said...

ကိုအောင်မှိုင်းရေ ခင်ဗျား ပြော တာတွေလဲမှန်သင့်သလောက် မှန်ပါတယ်ဗျာ. သို့ပေမဲ့လည်း ဒီအချိန်မှာ အကောင်းဆုံးဆိုတာကို ဆုပ်ကိုင်ရတော့မှာပါ။ ပြည်သူတွေရဲ့အသက်သွေးတွေ စတေးရတာမတန်တော့ဘူးလေ။ အာရပ်နွေဦးလိုခင်ဗျား မြင်ချင်နေတာမို့လား။ အေးဗျာ အဲလောက်စတေးပြီးသွားလို့ ထားတော့ ဦးသန်းရွှေနဲ့ စစ်တပ် ပြိုကွဲသွားပြီထားအုံး။ဗရမ်းဗတာ ဖြစ် ကျန်ရစ်မဲ့ တိုင်းပြည် ကို ဘယ်လိုဦးဆောင်မှာလဲ။ ဒေါ်စုကိုဦးဆောင်ခိုင်းမှာလား။ ဘယ်လိုသူတွေက ညီညီညွတ်နောက်ကနေ လိုက်ပါမလဲ။ အနယ်အနယ် အရပ်ရပ်မှာ ပျံ့နှံ့ပြီးကျန်ရစ်မဲ့လက်နက်မျိုးစုံနဲ့ သွေး ဆူနေမှုတွေကို ဘယ်လိုထိန်းသိမ်းမလဲ။ ဒါက ဒုတိယအဆင့်။ အဲပထမအဆင့်မှာကို စစ်တပ်ကို ဘယ်လိုအပြုတ်တိုက်မလဲ။ ဘယ်သူတွေရဲ့ အသက်ကိုစတေးမလဲ။ နိုင်ငံတကာ မ၀င်မီအချိန်အထိပေါ့။ အခု ဆီးရီးယားမှာ ဖြစ်နေသလိုပေါ့။ စဉ်းစားဖို့ပါဗျာ။ တိုင်းပြည် ကြီးအဲလို ဗရမ်းဗတာ ဖြစ်သွားစေနိုင်တဲ့လမ်းကို စိတ်ကူးယဉ်ပြီးတော့ ဘယ်လိုစိတ်မျိုးနဲ့ လှုံ့ဆော်မလဲဗျာ။ အခုနည်းကတော့ ဘာဘဲဖြစ်ဖြစ်နောက်ဆုံး သူတို့စကားနဲ့သူတို့ တဖြေးဖြေးချင်းအိုကေသွားနိုင်ပါသေးတယ်။ နောက်တချက်က တသက်လုံးအမှားလုပ်လာတဲ့လူ တွေသေသည်အထိလဲ မှားနေအုံးမှာဘဲလို့ ကောက်ချက်ချရတာမကောင်းဘူးထင်ပါတယ်။ သူတို့လည်းတိုင်းပြည်ကိုဦးဆောင်ပြီးပြုပြင်ချင်တဲ့စိတ်လေးမျိုးပေါ်ကောင်းပေါ်လာနိုင်ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ သူတို့လည်းအမှန်အတိုင်းသိနေကြတာဘဲလေ။ သူတို့လည်းနိုင်ငံသားတယောက်ဖြစ်တာနဲ့အညီ ပြုပြင်ချင်စိတ်လေးတော့ ရှိနိုင်ပါတယ်။ ဒေါ်စုလည်းသူ့အသက်အရွယ်အရလက်ကျန်အချိန်နဲလာတာနဲ့အမျှ သူလုပ်ပေးနိုင်တာလေးကိုလမ်းခင်းပေးခဲ့ချင်ပုံရပါတယ်။ ဆင်ခြင်နိုင်ပါစေလေ။

sheena said...

မကူညီခြင်နေပါ မနှောက်ယှက်ကြပါနဲ့ 