မြန်မာပြည်ရဲ့ကျောရိုးထဲမှာ ၁၉၆၂ ခုနှစ်ကတည်းကနေ (၅၅) နှစ်ကျော်ကြာ စီးဝင်လည်ပတ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုတဲ့ ယန္တရားကြီးကို အပြီးအပိုင် ရပ်ဆိုင်းသွားအောင် မလုပ်နိုင်သရွေ့ အဲဒီစစ်အာဏာရှင်စနစ်ယန္တရားကြီးထဲကနေ စစ်အာဏာရှင်အသစ်တွေ တကောင်ပြီးတကောင် ထွက်ပေါ်လာပြီး မြန်မာပြည်ကို မွဲဆေးဖော် ဒုက္ခပေးနေဦးမှာ အသေအချာပဲဖြစ်ပါတယ်။ အခန့်မသင့်ရင် တိုင်းပြည်ပါ တစစီ ပြိုကွဲပျက်သုဉ်းသွားနိုင်ပါတယ်။
အဲဒီစစ်အာဏာရှင်စနစ်ယန္တရားကြီးဟာ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့်ရယ်၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြောင့်ရယ် လည်ပတ်မှု အနည်းငယ် တုံ့ဆိုင်း နှေးကွေးသွားတာကလွဲရင် ဒီကနေ့အချိန်အထိ မြန်မာပြည်ရဲ့ကျောရိုးထဲမှာ ခပ်မြန်မြန် မဟုတ်တောင် တအိအိ စီးဝင်လည်ပတ်နေတုန်းပဲဆိုတာကို မြန်မာနိုင်ငံသူ/သားအားလုံး အမြဲတစေ အသိ/သတိရှိနေကြဖို့ လိုပါတယ်။ အပြီးအပိုင် ရပ်ဆိုင်းသွားအောင် ကြံဆအားထုတ်နေကြဖို့ လိုပါတယ်။
ဒါမှသာ မြန်မာနိုင်ငံသူ/သားအားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို စစ်စစ်မှန်မှန် အကောင်အထည်ဖော် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
ည ၁၀း၁၆ နာရီ
၁၅ ဇူလိုင် ၂၀၁၇
Sunday, July 16, 2017
မြန်မာနိုင်ငံသူ/သားအားလုံး အသိ/သတိရှိနေကြဖို့ ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment