Wednesday, September 6, 2017

ရဲ​ဘော်တဦးသို့ပြန်ကြားချက်

ပရဟိတဆိုတာ လုံးဝနိုင်​ငံ​ရေးမဟုတ်​ဘူးလို့​ပြောရင်​ရတယ်​ခင်​ဗျ။နိုင်​ငံ​ရေးမဟုတ်​ရုံသာမကဘူး နိုင်​ငံ​ရေးဘက်​ကို မ​ရောက်​​အောင်​လူ​တွေကို စိတ်​ထွက်​​ပေါက်​​ပေးပြီး အသာတကြည်​လုပ်​ခွင့်​ပြုထား​ပေးတဲ့ နယ်​ပယ်​တစ်​ခုလည်းဖြစ်​တယ်​။ပရဟိတနယ်​ပယ်​ကျယ်​ပြန့်​လာ​လေ​လေ နိုင်​ငံ​ရေးနယ်​ကျဉ်း​မြောင်းလာ​လေ​လေ​တောင်​ဖြစ်​တတ်​တယ်​။

ပရဟိတလုပ်​​နေတဲ့အင်​အားစုကြီးတစ်​ရပ်​လုံးသာ နိုင်​ငံ​ရေးဘက်​ကူး​ပြောင်းလာရင်​ နိုင်​ငံကပိုဖွံ့ဖြိုးအား​ကောင်းလာမှာအမှန်​ပဲ။လူ​တွေပညာသင်​ဖို့အခက်​အခဲရှိလို့ ဘက​ကျောင်း​တွေ​ပေါ်လာတယ်​၊အမှန်​တကယ်​က အစိုးရက တာဝန်​အပြည့်​အဝမယူလို့၊အခမဲ့ပညာစနစ်​ပီပီပြင်​ပြင်​မရှိလို့၊ဒါ​တွေဟာ အစိုးရကို ​တောင်းဆိုရမယ်​၊မ​ကောင်းတဲ့အစိုးရကိုဖြုတ်​ချပြီး အစိုးရသစ်​နဲ့အစားထိုး​ပေးရမယ်​။ဒါဆို စနစ်​ကြီးတစ်​ခုလုံး​ပြောင်းသွားပြီး ပညာ​ရေး၊လူမှု​ရေး၊ကျန်းမာ​ရေး​တွေ အကုန်​မ​ကောင်းလာဘူးလား။

ခုလို ပရဟိတ​ဘောင်​ကိုဖွင့်​ထား​တော့ ယာယီနည်းနဲ့ခုသာခံသာဖြစ်​​နေ​ပေမယ့်​ ​ရေရှည်​မှာ အားကုန်​လာလိမ့်​မယ်​။လှူတဲ့လူ​တွေဘယ်​​လောက်​ရှိရှိ ​နေရာအနှံ့အပြားက ဒုက္ခ​မီး​တွေကို လိုက်​မငြိမ်းနိုင်​ဘူး။ဆေးရုံ​ပေါ်​ဆေးမရှိတာ၊​ကျောင်း​တွေမှာ ဆရာမလုံ​လောက်​တာ၊လူ​တွေအဟာရချို့တဲ့​နေတာ၊စစ်​​ပြေးဒုက္ခသည်​​တွေတိုးပွားလာတာ အစရှိတဲ့ ပြဿနာ​ပေါင်း ​သောင်း​ခြောက်​​ထောင်​ကို ပရဟိတနည်းနဲ့ ကယ်​ဆယ်​တာ အဲ့ဒီပြဿနာ​တွေကို အမြစ်​ပြတ်​​ဖြေရှင်း​ပေးနိုင်​တာမဟုတ်​ဘူး။ဆိုလိုတာက ပရဟိတဟာ ကျန်းမာ​ရေးချို့တဲ့​နေတဲ့​ဝေဒနာသည်​ကို အရှင်း​ပျောက်​ကင်းသက်​​သာ​စေနိုင်​တဲ့ကုထုံးနည်းနဲ့မကုဘဲ ယာယီ​ဝေဒနာသက်​သာ​စေတဲ့​ဆေးမြီးတို​ပေးသလိုပဲဖြစ်​​နေလို့ပါပဲဗျာ။

အဲ့​တော့ ကျ​နော့်​အယူအဆကို​ပြောရရင်​ လက်​ရှိနိုင်​ငံ​ရေးစနစ်​ကိုမကြိုက်​ရင်​ အားလုံးအားစုစည်းပြီး ​တော်​လှန်​တာပိုထိ​ရောက်​တယ်​၊ပရဟိတမလုပ်​ရဘူးလို့မဆိုလိုဘူး၊အစိုးရမ​ကောင်းလို့ဖြစ်​တာဆိုတာ မှန်​ကန်​စွာရှုမြင်​သုံးသပ်​ပြီး အစိုးရကို​တော်​လှန်​ဖို့​တော့လိုမယ်​။နောက်​စနစ်​အ​ပြောင်းအလဲနဲ့အတူ ဒီဒုက္ခ​တွေအားလုံးကို ​ဖြေရှင်းသွားလို့ရတယ်​။လူလတ်​တန်းစားနဲ့တချို့စိတ်​​ကောင်း​စေတနာရှိတဲ့ အီလစ်​​တွေရဲ့ အာသာ​ပြေကိုယ်​ကျိုးစွန့်​မှုဆိုတာက​နေ တိုးပွားလာ​နေတဲ့ ပရဟိတ​ဘောင်​ကို ပြန်​ချုံ့ပြီး စစ်​အာဏာရှင်​စနစ်​​တော်​လှန်​​ရေးအတွက်​ လမ်းညွှန်​တာစူ​ပေးရ​တော့မယ်​။

ကျော်​ကိုကို
၆.၉.၂၀၁၇

(Rahul Kyaw Ko Ko's FB Status မှ ကူးယူဖော်ပြပါသည်။)

No comments: